ရင်နင့်ကြေကွဲစရာ အဖြစ်အပျက် တခု”
“ရင်နင့်ကြေကွဲစရာ အဖြစ်အပျက် တခု”
By Han Kyaw Zou
အရွယ်မရောက်သေးတဲ့ မိန်းကလေးတစ်ယောက် ဘာသာခြား ကောင်လေးနဲ့ ခိုးရာလိုက်ပြေးတော့ မိဘတွေက သဘော မတူသလို ဥပဒေအရအသက်မပြည့်သေးတဲ့အတွက် နှစ်ဖက်မိဘတွေရှေ့မှာ ခွဲပေးပြီး မိဘတွေလက်ထဲ အပ်ပေးလိုက်တယ်။ ( အောက်ဆုံးတွင် ဗီဒီယိုဖိုင်တွဲတင်ပေးထားပါသည် )
အကိုဖြစ်တဲ့သူက ဇရှိတဲ့သူတစ်ယောက်ဖြစ်နေတော့ ကျနော် က “ဒီကိစ္စမျိုးက ဒေါသနဲ့စိတ်လိုက်မာန်ပါလုပ်လို့မရဘူး. ..စိတ်အေးအေးထား၍ ချော့မော့ပြီး ဖျောင်းဖျပြောဆိုရမယ်…ကိုယ့်ညီမ ကိုယ့်ဆီပြန်ရောက်နေပီဘဲ့ အခက်ခဲရှိရင်လည်း လာခဲ့..ကူညီဆောင်ရွက်ပေးမယ်” လို့ အတတ်နိုင်ဆုံးဖြောင်းဖျ ပြောဆိုတာ့… “ဟုတ်ကဲ့ပါအစ်ကို…မဖြစ်စေရပါဘူး ကျနော်ကိုယ်ကျနော်ထိန်းပါ့မယ်” လို့…
ပြောပြီး ပြန်သွားလိုက်တာ။
မိနစ် ၂၀ ခန့်ကြာတော့….ဖုန်းဆက်လာတယ်…အစ်ကိုအရင်းက ညီမအရင်းကို သစ်သားတုတ်နဲ့ရိုက်လိုက်ပီတဲ့။
ကျနော်ရောက်သွားတော့ ဦးဏှောက်မှာ ဟက်တက်ကွဲနေတော့ ဆေးရုံပို့ရပီပေါ့ဗျာ…ငွေကြေးမတတ်နိုင်တော့လည်း ….နီးစပ်ရာဆေးရုံမှာဘဲ့…ဆေးကုသရတာပေါ့ ဗျာ။
ဆေးရုံးတက်ပြီး ၇ ရက်မြောက်တဲ့နေ့မှာ သူ့ညီမလေးဆုံးတော့ အစ်ကိုဖြစ်သူကို ဖမ်းရပြီပေါ့။ အမေလုပ်တဲ့သူခမြာ….ရင်ကြိုးရပီပေါ့
…ကြားရတဲ့သူတိုင်းကလည်း…စိတ်မကောင်းဖြစ်ရပီပေါ့ ….
ဒါကြောင့်….ကျနော်တို့ရဲ့ ညီအစ်ကိုမောင်နှမတွေအားလုံး ဒီအဖြစ်အပျက်ကို…သင်ခန်းစာယူပီး…. ယခုလို ရင်နင့်စရာအဖြစ်အပျက်မျိုးမဖြစ်ရလေအောင်…ဘာသာတရားအဆုံးအမအောက်မှာ သတိပြု ဆင်ခြင်ထိမ်းသိန်းနိုင်ကြပါစေလို့. ..ဆန္ဒပြုရင်း။
👏 နှလုံးသားမှာ ဘုရားတည်နိုင်ကြပါစေ
Credit to Tay Za Oo

No comments: